ဦးနှောက်ထဲတွင် ဖြစ်ပေါ်သော အဖုအကျိတ်နှစ်မျိုးရှိသည်။ ကင်ဆာနှင့်ကင်ဆာမဟုတ်သော အဖုအကျိတ်များဖြစ်သည်။ ဦးနှောက်တွင်း မူလ ကတည်းက စတင်ဖြစ်ပေါ်နေတဲ့အဖုအကျိတ်နှင့် ဦးနှောက်ပြင်ပကင်ဆာကပြန့်ပွားလာသောအဖုအကျိတ်များလည်းရှိတတ်သည်။ဦးနှောက်တွင်း အဖုအကျိတ်ရှိသူသည် နံနက်အိပ်ရာထ ခေါင်းကိုက်၊ဇက်ကြောထိုးပြီးတော့ ခေါင်းမူးခြင်း၊ အန်ခြင်း တွေဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံ အဖုအကျိတ်ရဲ့ တည်နေရာနဲ့ အရွယ်အစားအရ လေဖြတ်တဲ့ လက္ခဏများလည်း ဖြစ်တတ်ပါသည်။

ခြေတွေ၊ လက်တွေ လှုပ်ရှားမရခြင်း၊ ကိုယ်တစ်ခြမ်း၊ လေဖြတ်ခြင်း၊ စကားပြောတဲ့အခါခက်ခဲခြင်း၊ စကားလုံးများမေ့ခြင်း၊ အဓိပ္ပါယ်မဆက်စပ်တဲ့ စကားလုံးများပြောခြင်း၊ လမ်းလျှောက်လျှင်ယိုင်ခြင်း၊ မျက်စိတစ်ဖက်သိသိသာသာမှုန်ခြင်း၊ မျက်စိမှုန်လာပြီးတစ်လ၊ နှစ်လအတွင်း သိသိ သာသာဆိုးရွားသွားခြင်း၊ တို့ကြောင့် မျက်စိအထူးကု ဆရာဝန်တွေဆီ ရောက်သွားတတ်ပါသည်။အချို့ မှာ မည်သည့်လက္ခဏာမျှမရှိဘဲ ဘာစားစားအန်တဲ့ လက္ခဏာတစ်ခုတည်းလည်းဖြစ်တတ်ပါသည်။

အိမ်ထောင်မရှိသော အမျိုးသမီး ရာသီသွေးမပေါ်တော့ဘဲ၊ နို့ရည်လည်းထွက်ကျမည်ဆိုပါက ပစ်ကျူထရီအကျိတ်ဖြစ်နိုင်ပါသည်။ ကြီးထွားဟော်မုန်းအထွက်များတဲ့ ပစ်ကျူထရီကလင်းအကျိတ် ဆိုပါက နှာခေါင်းတွေ၊ လျှာတွေ၊ လက်ဖနောင့်တွေ အကြီးကြီးဖြစ်တတ်သည့် လက္ခဏာတွေတွေ့နိုင်ပါသည် ။