သခွားသီးကပေးစွမ်းနိုင်မည့် အကျိုးကျေးဇူးများ

သခွားသီးကိုစားသုံးခြင်းသည် သန့်ရှင်းလတ်ဆတ်သောလေကိုရှုရှိုက်ခြင်းနှင့်ညီမျှပါသည်။အစာအိမ် အပူလွန်ကဲ၍ ခံတွင်းနံ့ဆိုးဝါးမှုကိုပျောက်ကင်းစေသည်။သခွားသီးသည်ကယ်လိုရီပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာဖြစ်သောကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းပေးပါသည်။ သခွားသီးတစ်ပန်းကန်တွင် ကယ်လိုရီ (၂၀) ထက် မပိုသောကြောင့် ကယ်လိုရီအ နည်းဆုံး သစ်သီးတစ်မျိုးဖြစ်သည်။သခွားသီးတွင် Fisetin ခေါ်သည့် Anti-Inflammatory Flavonol ပါဝင်သောကြောင့် ဦးနှောက်ကို ပိုမိုကျန်းမာနုပျိုစေသည်။အယ်ဇိုင်းမာရောဂါခံစားနေရသော ရောဂါရှင်များ သိမြင်နိုင်စွမ်းရှိသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ရေရှည်အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါသည်။သခွားသီးတစ်လုံးတွင် ဗီတာမင်အေ၊ ဘီ-၆ နှင့် ဗီတာမင်စီတို့အပြင် မဂ္ဂနီဆီယမ်ဓာတ်နှင့် ကယ်လ်စီယမ်ဓာတ်တို့လည်း ရောစပ်ပါဝင်သည့်အတွက်ကြောင့် ရွေးချယ်စားသုံးသင့်ပါသည်။အစာစားမှုလွန်ကဲခြင်း၊ လေးလံထိုင်းမှိုင်းခြင်းများမှာ ရေဓာတ်ကုန်ခမ်းခြင်းဖြစ်သည်။ ပူအိုက်ခြောက်သွေ့သော နွေရာသီတွင် ပုံမှန်ထက် ရေကိုပိုမိုသောက်ရန် လိုအပ်ကြသည်။ ထိုအချိန်များတွင် ရိုးရိုးရေကိုသောက်သုံးခြင်းထက် သခွားသီးစိမ်ရေကို သောက်သုံး ခြင်းကဗီတာမင်နဲ့သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ရေငတ်ပြေစေပါသည်။သခွားသီးများတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးက ၀က်ခြံနှင့်အသားအရေကို အထူးကောင်းမွန်စေပါသည်။