အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ပြင်ဆင်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ေ တာင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ လုံခြုံရေးကင်မရာ CCTV အလုံး ၅၀ တပ်ဆင်ပြီး မှုခင်းမဖြစ်အောင် ပြင်ဆင်ထားပါတယ်။ေ ဈးဆိုင်ခန်း၊ ကွင်းအပြင်အဆင်၊ လုံခြုံရေး၊ လမ်းပိတ်ဆို့မှုမရှိအောင် လမ်းသွားလာရေး စသဖြင့် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဆောင်တိုင် ပွဲခင်းအတွက် ဆိုင်ခန်းနေရာ ရောင်းချမှုက အရင်နှစ် ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်း သိရပါတယ်။