ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ သုံးစွဲသူများ PayPal မှတစ်ဆင့် ငွေလွှဲပို့နိုင်

လူမှုကွန်ရက်ကုမ္ပဏီကြီး ဖေ့စ်ဘွတ်ခ်နှင့် ပူးပေါင်းလုပ်ကိုင်မှုကို တိုးချဲ့ကာ မက်ဆင်ဂျာအက်ပလီ ကေးရှင်းမှတစ်ဆင့် ငွေလွှဲပို့နိုင် ပြီဖြစ်ကြောင်း PayPal ကုမ္ပဏီက ကြေညာသည်။ တစ်ယောက်ချင်းစီဖြစ်စေ၊ အုပ်စုလိုက်ပြောဆိုနေမှုဖြစ်စေ မက်ဆင်ဂျာမှ ယင်းဝန်ဆောင်မှုအ သုံးပြုနိုင်ရန် အပြာရောင်အပေါင်း လက္ခဏာပုံကို နှိပ်ပြီးနောက် အ စိမ်းရောင်ငွေပေးချေမှု ခလုတ်ကို နှိပ်ကာ ငွေပို့ရန် PayPal ကို Select လုပ်ရမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုကို လက်ရှိ အမေရိကန်တွင်သာ အသုံးပြုနိုင် ပြီး IOS အတွက်သာ ကန့်သတ် ထားကာ မကြာမီ Andriod သုံး စနစ်များအတွက်လည်း ဖန်တီးမည်ဟု သိရသည်။



ယခုအခါဖေ့စ်ဘွတ်ခ်မက် ဆင်ဂျာ အသုံးပြုသူများသည် ၎င်း တို့၏ PayPal အကောင့်များမှတစ် ဆင့် ငွေတိုက်ရိုက်ပေးပို့လက်ခံ နိုင်ပြီဖြစ်သည်။

ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာနှင့် PayPal တို့သည် ကနဦးတွင်ပြီးခဲ့ သည့်လက ပူးပေါင်းဆောင်ရွက်ခဲ့ ပြီး ဖောက်သည်များကို ၎င်းတို့အ ကောင့်နှင့် ချိတ်ဆက်ကာ PayPal သုံး၍ မက်ဆင်ဂျာတွင် ဈေး ဝယ်နိုင်သည့် ဝန်ဆောင်မှုကို စ တင်ခဲ့သည်။ေ ငွလွှဲပြောင်း ပေးပို့မှုစနစ်ကို ဖေ့စ်ဘွတ်ခ်က၎င်းတို့၏ ကွန်ရက် တွင် ထည့်သွင်းရန် ကြိုးပမ်းနေ သည်မှာ အတန်ကြာပြီဖြစ်ပြီး အက်ပ်ပဲလ်၏ Pay Cash, Square Cash တို့နှင့် ယှဉ်ပြိုင်ရန်ကြိုးပမ်း နေသည်။

အမေရိကန်တွင် PayPal အကောင့် ၂ ဒသမ ၅ သန်း ဖေ့စ် ဘွတ်ခ်နှင့် ချိတ်ဆက်ထားပြီး ယင်း ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းသုံးစွဲ သူ ၂၁၈ သန်းရှိသော ကုမ္ပဏီဖြစ် ကာ အမေရိကန်တွင် ၉၉ သန်းအ ထိရှိသည်။