ယနေ့ည (အောက်တိုဘာလ ၃ဝ ရက်) တောင်ကြီး တန်ဆောင်တိုင် ပွဲတော် အတွင်း မီးပုံးပျံ ပျက်ကျပြီး လူသေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီနေ့ဟာ ၄ ရက်မြောက်နေ့ဖြစ်ပြီး စည်ကား များပြားတဲ့ လူအုပ်ပေါ်ကို မီးအုံ လိုက် ပြုတ်ကျပြီး ယမ်းများ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီ သတင်း ကို တောင်ကြီး မြို့ခံတစ်ဦးဖြစ်သူ Win Myo Latt ဖေ့စ်ဘွက် အကောင့် ပိုင်ရှင် က “ပွဲသွားတာလည်းသွားညောင်သီး လည်းစား လေသံလည်းနား ထောင် ကြတွံတီးမီး က လေး–၂၊ လူကြီး–၂ ထိထားတယ်

ကလေး တစ် ဦး နေရာတင် ဆုံး(၃တန်းက လေးလို့သိရ)” ဟု ရေးသားပြီး တင်ထားတာကို တွေ့ရသည်။တောင်ကြီး မြို့ တန်ဆောင်တိုင် ပွဲတော် ဟာ ယမ်းမတော်တဆမှုများ နှစ်စဉ် ဖြစ်ပွားလျှက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ပွဲတော် ဒုတိယနေ့မှာလည်း တစ်လုံးပျက်ကျခဲ့သလို တတိယနေ့မှာလည်း နေအိမ် တစ်လုံးအတွင်း ယမ်းပေါက်ကွဲ မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

Credit :pannpwint