သုံးဘီးဆိုင်ကယ်သမားအား မုတ္တမတွင် သတ်သွားပြီး သေဆုံးသူ၊ မည်သူ၊ အမည် နေရပ်အား စုံစမ်းနေ

မုတ္တမ အောက်တိုဘာ ၃၀

အောက်တိုဘာ ၃၀ ရက် မနက်၇နာရီ၁၅ မိနစ်ခန့်က မွန်ပြည်နယ်၊ မုတ္တမ၊ မြင်းတပ်ရပ် မြသိန်းတန်ဘုရား အနီးဘုန်းကြီးကျောင်း ဘေးလမ်းကြားထဲ၌ လူတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်။

ယခုအချိန်အထိ သေဆုံးသူ အမည်နေရပ်တို့ကို စုံစမ်းနေဆဲဖြစ်ကြောင်း သုံးဘီးဆိုင်ကယ်အသင်း အကျီင်္နံပတ် ခ/၁၃ကို ၀တ်ဆင်ထားကြောင်း သေဆုံးသူ၏လည်ပင်း၌ ဓားဖြင့်လှီးထားသော ၊ ဗိုက်နှင့် ရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာများ ရှိနေကြောင်း သိရသည်။

မုတ္တမရဲစခန်းမှ လူသတ်မှုပုဒ်မ ဖြင့် အမှုဖွင့်ထားပြီး သတ်သွားသူ တရားခံအားလည်းကောင်း သေဆုံးသူအား လည်းကောင်း မည်သူဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်ပါသည်။

Paung Daily