Byခိုင်ခိုင်စိုးOn Sun, 2017-10-29 06:30Locationရန်ကုန်Issue No.No.1610 Sunday, October 29, 2017

သတင်းအရ တာချီလိတ်မြို့ နယ် ဝမ်ကောင်းရပ်ကွက်ရှိ နေ အိမ်တစ်အိမ်သို့ သစ်တောဦးစီး ဌာန၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့်ပူး ပေါင်းအဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် သွားရောက်စစ်ဆေးရာ အရွယ်စုံကြက်တူရွေးလိပ် ၃၄၂ ကောင်မွေးမြူထားသည်ကို စစ် ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လိပ်ကြက်တူရွေးများကို မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံ သို့ တင်ပို့ရောင်းချရန် စုဆောင်း ထားရှိခြင်းဖြစ်ပြီး ဝယ်ယူစု ဆောင်းသူနှင့် အခကြေးငွေယူ၍ အစာကျွေးမွေးသူတို့ကို ဖမ်းဆီး ကာ တောရိုင်းတိရစ္ဆာန်နှင့်သဘာ ဝအပင်များကာကွယ်ရေးနှင့် သ ဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၎င်းက ပြောသည်။ ထို့ပြင် သိမ်းဆည်းရ မိသော လိပ်ကြက်တူရွေးများကို သစ်တောဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဦး ဇော်လတ်က ပြောသည်။

‘‘သူ့လမ်းကြောင်းကို စစ် ဆေးကြည့်တော့ မိုင်းလားကနေ တရုတ်ကို ပို့ဖို့လို့ သိရတယ်။ မိုင်း လားက အဆက်အသွယ်ကို ဖုန်း နဲ့ ချိတ်ဆက်လုပ်ထားတယ်လို့ ထွက်ဆိုထားတယ်’’ဟု ၎င်းက ပြောသည်။

ကမ္ဘာတစ်ဝန်း ရှားပါးမျိုး စိတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အလွန်ရှားပါးသော လိပ်မျိုးစိတ် တစ်မျိုးဖြစ်သော လိပ်ကြက်တူ ရွေးများသည် ဦးခေါင်းအလွန်ကြီး မားပြီး ဖွတ်မြီးကဲ့သို့ အလွန်ရှည် လျားသော အမြီးပါရှိသဖြင့် ထူး ဆန်းသော သတ္တဝါအနေဖြင့် လည်းကောင်း၊ တရုတ် ဒဏ္ဍာရီပါ နတ်နဂါးနှင့်တူ၍ စီးပွားလာဘ် လာဘတက်သည်ဟူသော အယူ အဆများကြောင့် အိမ်မွေးတိရစ္ဆာန် ဈေးကွက်၌ ဖြစ်ထွန်း၍ နိုင်ငံခြားသို့ တရားမဝင် မှောင်ခိုတင်ပို့မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

၂၀၁၆ နိုဝင်ဘာ လက တာချီလိတ်မြို့နယ် ဝမ်ကောင်းရပ် ကွက်၊ အားခေရွာရှိ အိမ်တစ်အိမ်တွင် အနံ့အသက်ဆိုးများထွက်နေ သည်ဟု တိုင်ကြားချက်အရ စစ်ဆေးရာ တရုတ်နိုင်ငံသားနှစ်ဦး မွေးမြူထားသည့် လိပ်ကြက်တူရွေး ၈၅၃ ကောင်ကို ဖမ်းဆီးမိခဲ့ သည်။

လိပ်ကြက်တူရွေးများသည် ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည် နယ်နှင့် ပဲခူးတိုင်းတို့တွင် ကျက်စားပြီး မျိုးတုံးလုနီးဖြစ်နေသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။