ဝန်ကြီးချုပ်ဟောင်းယင်လတ်က ထိုင်းပတ်စ်ပို့ ၄ ခု ကိုင်ဆောင်ထားပါတယ်။

  • ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရဲ့ ပတ်စ်ပို့တွေကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။ ရာထူးမှဖြုတ်ချခံခဲ့ရတဲ့ ယင်လတ်ဟာ သူမရဲ့အမှုကို အမိန့်ချမှတ်မယ့်နေ့မှာ တရားရုံးကို ရောက်မလာခဲ့ဘဲ ပျောက်သွားခဲ့ပါတယ်။

playထိုင်ဝန်ကြီးချုပ်ဟောင်း ယင်လတ်


နောက်ပိုင်းမှာတော့ ယင်လတ်ဟာ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒူဘိုင်းမှာ ရောက်ရှိနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ယင်လတ်ရဲ့ ပတ်စ်ပို့ (passport) တွေကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ယနေ့ (အောက်တိုဘာ ၃၁ ရက်) မှာ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ဟာ ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် တာဝန်ဝတ္တရားပေါ့လျော့မှုဖြင့်ထောင်ဒဏ် ၅ နှစ် ကျခံစေရန် မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။

playစစ်တပ်အာဏာသိမ်းခေါင်းဆောင်နှင့် လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်


ယင်လတ်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်အတွင်း လယ်သမားများ အမတော်ကြေးကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရာမှာ တာဝန်ဝတ္တရား ပေါ့လျော့မှုနဲ့ မှားယွင်းလုပ်ဆောင်ခဲ့မှုတို့အတွက် ပြစ်မှုမြောက်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။


ယင်လတ်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်အတွင်း သူမကို ထောက်ခံမှုရရှိစေရန် လယ်သမားများထံမှ ဆန်များကို အမှန်တစ်ကယ် ပေါက်ဈေးထက် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးကာ ဝယ်ယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ယင်လတ်ရဲ့ အစ်ကိုဖြစ်သူ သက်ဆင်ကလည်း ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖြုတ်ချခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရပြီးနောက် သက်ဆင်က ၎င်းအပေါ် စွဲချက်တင်ထားတဲ့ လာဘ်စားမှု ပြစ်ဒဏ်ကိုရှောင်ရှားနိုင်ရန် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။


သက်ဆင်ရဲ့ တစ်ဦးတည်းသောသားပန်သွန်တေးရှင်နာဝပ်ကိုလည်း ငွေကြေးခဝါချမှုဖြင့် အောက်တိုဘာ ၁၉ ရက်က စွဲချက်တင်ထားကြောင်း သိရပါတယ်။


သက်ဆင်က အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ နေအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး စက်တင်ဘာလအတွင်းက ယင်လတ်ဟာ ဒူဘိုင်းကိုရောက်ရှိနေခဲ့တယ်လို့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။

play


သက်ဆင်နှင့် သားဖြစ်သူ ပန်သွန်တေး


သို့သော် လက်ရှိမှာ ယင်လတ် မည်သည့်နေရာကို ရောက်ရှိနေကြောင်း မသိရှိဘူးလို့လည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဆိုပါတယ်။ ယင်လတ် ရောက်ရှိနေတဲ့ နိုင်ငံက ထိုင်းအစိုးရထံ အတည်ပြုမှု သတင်းအချက်အလက်ပေးရန် အရေးကြီးကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။


ထိုင်းအာဏာပိုင်တွေရဲ့ ပြောကြားမှုအရ နိုင်ငံမှ ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်းယင်လတ်က ထိုင်းပတ်စ်ပို့ ၄ ခု ကိုင်ဆောင်ထားကြောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပတ်စ်ပို့ ၂ ခုနဲ့ သံတမန်ပတ်စ်ပို့ ၂ ခုဖြစ်ကြောင်း သိရပါတယ်။


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်က ဗြိတိန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေကြောင်း သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Credit : original