ပြည်တွင်း ဘဏ်ပေါင်း ၂၆ ခုမှာ Core Banking စနစ် တပ်ဆင်ပြီး ဖြစ်တယ်လို့ အောက်တိုဘာလ ၂၇ ရက်နေ့ က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးအရ သိရပါတယ်။

e-Banking မှာ Internet Banking နဲ့ Mobile Banking ဆိုပြီး နှစ်ခုပါရှိပြီး ဘဏ်တွေအားလုံးက e-Banking စနစ်ဆောင်ရွက်ဖို့ Core Banking စနစ်ရှိဖို့ လိုအပ်တယ်လို့ လည်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးဘိုဘိုငယ်က ပြောပါတယ်။ Internet Banking နဲ့ Mobile Banking စနစ်တွေဟာ ဘဏ်ဖွင့်တဲ့အချိန်တင် မဟုတ်ဘဲ ၂၄ နာရီပတ်လုံး မိမိရဲ့ ငွေစာရင်းကနေ အခြားသူစာရင်းကို ရွှေ့ ပြောင်းခြင်း၊ ဖုန်းဘေလ်အတွက် ငွေချေခြင်း စတာတွေကို လုပ်ဆောင်နိုင်မှာပါ။ ၂၀၁၆ ဇန်နဝါရီလက စတင်ခဲ့တဲ့ စနစ်နဲ့ ဘဏ်တွေကို Core Banking စနစ်နဲ့ ဗဟိုဘဏ်ရဲ့ Real Time Gross Settlement System တို့ ကို တပ်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့ လည်း ဆိုပါတယ်။

e-Banking စနစ် ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ကတ်နဲ့ ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၊ ၂၀၁၃ ဒီဇင်ဘာလမှာ Mobile Banking နဲ့ ပတ်သတ်တဲ့ ညွှန်ကြားချက် ၊ ၂၀၁၆ မတ်လထဲမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ ထုတ်ခဲ့တယ်လို့ လည်း သိရပါတယ်။


Source: Internet Journal