ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အတွင်းရှိ တည်းခို ခန်းတစ်ခုအတွင်းသို့ အမျိုးသား တစ်ဦးက အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ခေါ်ဆောင်ကာ အလို မတူသားမယားပြုကျင့်ခဲ့မှုတစ်ခု အောက်တိုဘာ ၃ဝ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ သိရ သည်။

ယင်းဖြစ်စဉ်မှာ မ....... သည် အစ်မတစ်ဝမ်းခွဲတော်စပ်သူ မဇူးဇူး(၂၅နှစ်)နှင့်အတူ ၄င်း၏ အကြွေး ရရန်ရှိသော လှိုင်သာယာ မြို့နယ် (၆)ရပ်ကွက် အောင်မြေ သာယာဘုရားဝင်းရှိ ဈေးဆိုင်သို့ အဖော်လိုက်လာခဲ့ပြီး မဇူးဇူးမှာ အကြွေး သွားတောင်းစဉ် မ....... မှာ (၆)ရပ်ကွက် အောင်မြေသာ ယာ ဘုရားဝင်းအတွင်းရှိ လက် ဖက်ရည်ဆိုင်(အမည်မမှတ်မိ)တွင် တစ်ဦးတည်းထိုင်နေခဲ့သည်။

မဇူးဇူး မှာ ပြန်မရောက်လာသဖြင့် ၄င်း သွားရာနောက်သို့ လိုက်လာခဲ့ရာ (၆)ရပ်ကွက် ဖွံ့ဖြိုးအောင်အိမ်ရာ ဝင်းလမ်းအရောက် အမည်မသိ အမျိုးသားတစ်ဦးက မ........ အား အော်လျှင်သတ်ပစ်မည်ဟုခြိမ်း ခြောက်ပြောဆိုပြီး (၁၄)ရပ်ကွက် ကျန်စစ်သားလမ်းအနီးရှိ စိမ်းဝါနီ တည်းခိုခန်းသို့ခေါ်ဆောင်သွားပြီး အခန်းတစ်ခန်းအတွင်း ခေါ်ဆောင် သွားကာ အလိုမတူဘဲသားမယား အဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်။

၎င်း အမျိုးသားမှာ တည်းခိုခန်းရှိ အိမ် သာသို့သွားနေစဉ် အစ်မဖြစ်သူ မဇူးဇူးအား ဖုန်းဖြင့်အကြောင်း ကြားခဲ့ပြီး မိနစ်အနည်းငယ်ကြာတွင် မဇူးဇူးနှင့်လှည့်ကင်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိဖမ်းဆီးသောအခါ ၄င်း အမည်မှာ ဖိုးသား(၂၈နှစ်) မ/၁၇ မြို့ပတ်(၄)လမ်း (၁၂)ရပ်ကွက် မအူပင်မြို့နယ်နေသူဟုသိရသည်။

၎င်း အား ဥပဒေနှင့်အညီဆောင်ရွက် ပေးရန် လှိုင်သာယာမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ လှိုင်သာယာမြို့မ ရဲစခန်းမှစခန်းမှူး ဒုရဲမှူးဝင်းနိုင် က လက်ခံစစ်ဆေးလျက်ရှိပြီး (ပ) ၄၁၇၇/၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်လှစ်ဆောင်ရွက် နေကြောင်း သိရသည်။

မော်ကွန်းသစ်
The Union Daily