(ဓာတ်ပုံ - Ko Htun/Facebook)

ရန်ကုန်မြို့၊ သိမ်ဖြူလမ်းမှာ ဖွင့်လှစ်ရောင်းချမယ့် Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းကို ယခုလ နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ သိရပါတယ်။

စာအုပ်လမ်း ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက် အထိ သုံးရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျန်ရက်သတ္တပတ်များမှာ စနေ-တနင်္ဂနွေနေ့များတွင်သာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခု ပြန်လည် ဖွင့်လှစ်မယ့် Yangon Books Street စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းမှာ စာအုပ်ဆိုင်များ နှင့် အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်များ အပါအ၀င် စုစုပေါင်း ဆိုင်ခန်း ၁၇၀ ခန့် ဖြင့် ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ပါတယ်။

ဖွင့်ပွဲ အခမ်းအနားမှာ စာအုပ်လမ်းသို့ လာရောက်မယ့် စာဖတ်သူများကို စာအုပ် လက်ဆောင်ပေးခြင်း၊ ရေးသူဖတ်သူ ဆွေးနွေးပွဲ ကျင်းပခြင်း၊ စာရေးသူတို့ရဲ့ စာဖတ်ဝိုင်း အစီအစဉ်၊ စာပေ ပဟေဠိ အစီအစဉ်၊ တေးဂီတ အစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ကာတွန်း ဆရာများရဲ့ ကယ်ရီကေးချား ရေးဆွဲခြင်း စတဲ့ အစီအစဉ်များပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) ကိုတော့ ယခုနှစ် ဇန်နဝါရီလ ၇ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး မိုးတွင်းကာလမှာ ခေတ္တ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာအုပ်စာပေ ဖွံ့ ဖြိုး တိုးတက်ရေး အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ကူညီမှုနှင့်အတူ ပြန်လည် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

Tags: