
နိုဝင်ဘာ၅ နေ့ မနက်ပိုင်းက ထားဝယ်မြို့နယ်၊ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းနိုင်ငံသား၃ဦးပါ လူတစ်စုကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ရတခလရ(၅၈၃)မှ တပ်မတော်သားများသည် ထားဝယ်မြို့နယ်၊ထိုင်း-မြန်မာနယ်စပ် ဝါတော ကျေးရွာသို့ ရောက်ရှိစဉ် ၁ဂ/×××× ကို တွေ့ရှိခဲ့၍ စစ်ဆေးရာမှတဆင့် ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ ယာဉ်ပေါ်တွင် အမေရိကန်နိုင်ငံထုတ် ပွိုင့် ၄၅ ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကဒ်(၂)ခု၊ ၎င်းကျည်(၂၄) တောင့်၊ ထိုင်းဘတ်ငွေ(၁၃၀၀၀) တို့အား သိမ်းဆည်းရမိခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံသား Mr.Surmourchot Rum Thary(ခ) ပီချေ၊ (၅၄)နှစ် ပါ ကျား(၄)ဦး(ထိုင်း ၃၊ မြန်မာ ၁)တို့အား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ PN


















