စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ်မှ လေယာဉ်ငယ်တစ်စီးတည်ဆောက်ထားသည့် အသက် ၁၉ နှစ်အရွယ် လူငယ် မောင်ကျော်ဇင်ဝင်းသည် နိုဝင်ဘာ ၆ က ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး လေကြောင်းဆိုင်ရာ သိသင့်သိုက်သည်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့သည်။ေ မာင်ကျော်ဇင်ဝင်းသည် မုံရွာမြို့နယ် ကျွန်းကြီး ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ရှစ်လခန့် မှ စကာ အဆိုပါ လေယာဉ်ငယ်ကို စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်ငယ်သည် တောင်ပံအရှည် ၁၇ ပေ ၊ အမြင့် ၅ပေခွဲ ၊ ကိုယ်ထည်အရှည် ၁၄ ပေ ရှိပြီး စက်လှေများတွင် သုံးသည့် မြင်းကောင်ရေ ၁၆ ကောင်အား ဓာတ်ဆီအင်ဂျင်ဖြင့် တည်ဆောက်ထားကာ ကိုယ်ထည်ကိုမူ သံ၊ သစ်သားများဖြင့် တည်ဆောက်ထားသည်။
အဆိုပါလေယာဉ်ငယ်ကို စမ်းသပ်မောင်းနှင့်ခွင့်အတွက် သက်ဆိုင်ရာသို့  တင်ပြထားသည့် အချိန်အတွင်း ရန်ကုန်သို့  ဖခင်ဖြစ်သူ ဦးဆန်းကျော်၊ ဦးလေးဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်တို့နှင့်အတူ
ရောက်ရှိလာခြင်းဖြစ်ပြီး မောင်ကျော်ဇင်ဝင်းကို ရန်ကုန်လေဆိပ်လုပ်ငန်း Yangon Aerodrome Co.Ltd အောက်ရုံး အစည်းအဝေးခန်းမတွင် လေကြောင်းသမိုင်းကို Power Point ဖြင့် ရှင်းပြပေးခြင်း၊ လေယာဉ်တစ်စီးတည်ဆောက်ရာတွင် လိုအပ်အရာများ၊ အခြေခံအားဖြင့်မည်ကဲ့သို့ ဗဟုသုတများရှိရမည်ဆိုဆိုသည်ကို တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။
ရန်ကုန်ရောက် မောင်ကျော်ဇင်ဝင်းကို မြန်မာလေကြောင်းဝါသနာရှင်များအသင်းအတွင်းရေးမှူး ဒေါ်ဥမ္မာဘိုဘို၊ တွဲဘက်အတွင်းရေးမှူးဦးထွန်းဝင်းနိုင်၊ အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးရန်လင်းနိုင် ( လေယာဉ်တည်ဆောက်မှု ပညာရှင်)၊ ဦးဝင်းဘော် ( လေယာဉ်စက်မှုပညာရှင် နှင့် ပုံစံငယ်ကျွမ်းကျင်)တို့ကလက်ခံတွေ့ဆုံပြီး သိသင့်သိထိုက်သည်များဆွေးနွေးခြင်း၊ သိံလိုသည်များကိုဖြေကြားပေးခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း၊ လေယာဉ်တည်ဆောက်မှုသာမက Safetyဘေးအန္တရာယ်ကင်းရှင်းရေးသည် လေကြောင်းလောကအတွက်မည်မျှအရေးပါကြောင်း၊သေသေချာချာတွက်ချက်တည်ဆောက်ထားသည့်လေယာဉ်များပင်လျှင် တစ်ချက်အမှားပါသည်နှင့် အသက်ပေးလိုက်ရသည့် သာဓကများရှိကြောင်းတို့ ကို သေချာစွာရှင်းလင်းပြောကြားခဲ့ကြောင်း၊ မောင်ကျော်ဇင်ဝင်းအား မြန်မာလေကြောင်းဝါသနာရှင်အသင်း၏
ဂုဏ်ထူးဆောင်အသင်းသားအဖြစ်အသိအမှတ် ပြုမည်ဖြစ်ကြောင်း၊ အသင်း၏ တံဆိပ်ပါ အင်္ကျီကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း၊ ရန်ကုန်လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီ YACLနှင့် မြန်မာလေကြောင်းဝါသနာရှင်များအသင်းတို့မှ တစ်တပ်တစ်အား ပံ့ပိုး ကူညီပေးခဲ့ကြောင်း မောင်ကျော်ဇင်ဝင်းအား ကြိုဆိုရှင်းပြခဲ့သည့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ငြိမ်းက ၄င်း၏ Facebook တွင် ရေးသားဖော်ပြခဲ့သည်။
The Ladies News