နယူးဒေလီ၊ နိုဝင်ဘာ ၈ – လေယာဉ်စီးနေစဉ် သူ့ယောက်ျားလိမ်ထားတဲ့ကိစ္စကို သိပြီး ဒေါသူပုန်ထခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကြောင့် လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့ ကာတာလေကြောင်းလိုင်းနဲ့ ယောကျာ်း၊ ကလေးတစ်ယောက်နဲ့အတူ ဒိုဟာကနေ ဘာလီကို မိသားစုခရီးထွက်ခဲ့တဲ့ အီရန်အမျိုးသမီးတစ်ယောက်ဟာ လေယာဉ်ပေါ်မှာ သူ့ယောကျာ်းအိပ်ပျော်နေတုန်း သူ့လက်ဗွေရာနဲ့ သူ့ဖုန်းကို ယူဖွင့်ကြည့်ရာ သူ့ကိုလိမ်လည်ထားတဲ့ မဟုတ်တရုတ်ကိစ္စကို တွေ့သွားခဲ့တယ်လို့အဂါင်္နေ့ထုတ် အိန္ဒိယရဲ့ ဟိန္ဒူစတန်တိုင်းမ်သတင်းစာမှာရေးသားထားပါတယ်။

ဒီကိစ္စကိုတွေ့ရှိပြီး သူ့ယောကျာ်းကို ရိုက်နှက်ရန်ဖြစ်ကြရာကနေ လေယာဉ်ဝန်ထမ်းတွေလည်း ဖြန်ဖြေလို့ မရနိုင်တော့တဲ့ အခြေအနေကိုရောက်ရှိလာတာကြောင့် လေယာဉ်မှူးက အစီအစဉ်မရှိဘဲ အိန္ဒိယတောင်ပိုင်း ချန်နိုင်းလေဆိပ်မှာ ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ဟာ သည်အမျိုးသမီး၊သူ့ယောကျာ်းနဲ့ ကလေးကို လေဆိပ်မှာ ချထားခဲ့ပြီး အင်ဒိုနီးရှားကို ပြန်လည်ထွက်ခွာသွားကြောင်း လုံခြုံရေးအရာရှိတစ်ဦးက သတင်းစာကိုပြောပြခဲ့ပါတယ်။ သူတို့ မိသားစုဟာ ချန်နိုင်းလေဆိပ်မှာ တစ်ရက်နားပြီး ကွာလာလမ်ပူကို ဘာတစ်လေကြောင်းလိုင်းနဲ့ ပို့ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့က အရေးယူမှုတစ်စုံတစ်ရာမရှိဘူးလို့ သူကပြောပါတယ်။ သည်ကိစ္စနဲ့ပတ်သက်ပြီး အေအက်ဖ်ပီက ကာတာလေကြောင်းလိုင်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြောကြားခြင်းမရှိခဲ့ပါဘူး။

နှင်းသန့်[Ref: AFP. Nov 7, 2017]