မလေးရှားနိုင်ငံမှာ တစ္ဆေကြီးများ ပွဲတော်အတွင်း အသေခံဗုံးခါးပတ်ကို ပွဲတော်ဝတ်စုံအဖြစ် ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ Channel News Asia သတင်းမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လ(၂၈)ရက်နေ့က ကွန်ဒိုတစ်ခုမှာ ပြုလုပ်တဲ့ တစ္ဆေကြီးများပွဲတော် ပါတီအတွင်း အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးက အသေခံဗုံးခါးပတ်ကို ပွဲတော်ဝတ်စုံအဖြစ် ၀တ်ဆင်ခဲ့တာပါ။

သူ့ရဲ့ အသေခံဗုံးခါးပတ်ပွဲတော်ဝတ်စုံမှာတော့ အကျီအဖြူပေါ်မှာ ခါးပတ်တစ်ခု ၀တ်ဆင်ထားပြီး အဲ့ဒါခါးပတ်ပြားပေါ်မှာတော့ အတုအယောင် ဗုံးဆားကစ်ပြားတစ်ခုနဲ့ ပလတ်စတစ် ရေသန့်ဗူးတွေကို ချိတ်ဆွဲတပ်ဆင်ထားတာ ဖြစ်ပါတယ်။

ကွန်ဒိုမှာ နေထိုင်တဲ့ လူတစ်ဦးက သူ့ကို ဓာတ်လှေကားအတွင်း မြင်တွေ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြားရာကနေ ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရဲတပ်ဖွဲ့က ဗုံးခါးပတ် ၀တ်စုံဝတ်ဆင်တဲ့ အမျိုးသားကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

5 PLUS NEWS