ဂျကာတာမြို့ရှိ မြန်မာသံရုံးနှင့် သမ္မတဂျိုကိုဝီဒိုဒို၏သမီး မင်္ဂလာဆောင်ကို တိုက်ခိုက်ရန် စီစဉ်ထားသည့် မွတ်စလင်စစ် သွေးကြွတစ်ဦးကို အင်ဒိုနီးရှား အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ ရက်တွင်ပြောသည်။ တနင်္လာနေ့ နေ့လယ်က မြို့တော်မနီလာနှင့် ထိစပ်နေ သော ဘီကာဆီမြို့ရှိ လူနေအိမ် တစ်လုံးကို စီးနင်းမှုအပြီးတွင် ယင်းအိမ်၌ အိမ်ငှားနေထိုင်သူ ရဇ်ကီအန်ဂါရာပူထရာ (၂၅)နှစ် ကို ဖမ်းဆီးခဲ့ကြောင်း ဂျကာတာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဒန်အာဂိုယူဝိုနိုက ပြောသည်။

ယင်းအိမ်တွင် အသက် (၄၄)နှစ်အရွယ် မိခင်နှင့်အတူ ခေတ္တ နေထိုင်ခဲ့သော ရဇ်ကီသည် အိုင် အက်စ်အဖွဲ့ကို ထောက်ခံအား ကျသူဖြစ်ကြောင်း အာဂိုက ပြော သည်။
‘‘သူဟာ ဂျကာတာမြို့က မြန်မာသံရုံးနဲ့ သမ္မတဝီဒိုဒိုရဲ့သမီး မင်္ဂလာဆောင်ကို ဂျီဟတ်တိုက် ခိုက်မှုလုပ်ဖို့ စီစဉ်ထားပါတယ်’’ ဟု ပြောရေးဆိုခွင့်ရှိသူ အာဂိုက ပြောကြားသည်။
ခါဟီယန်အယု၏ မင်္ဂလာ ဆောင်ကို ဂျာဗားအလယ်ပိုင်း ပြည်နယ်ရှိ ဝီဒိုဒို၏ မွေးရပ်မြို့ ဆိုလိုတွင် ဗုဒ္ဓဟူး နံနက်က စတင် ကျင်းပခဲ့သည်။ နိုင်ငံခြားသံအ မတ်ကြီးများအပါအဝင် ဧည့်သည် ၈,၀၀၀ ခန့်က မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့သည်။
၂၀၁၆ နိုဝင်ဘာအတွင်း မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံ စည်နေသည့် စစ်သွေးကြွနှစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၀၁၃ ကလည်း ယင်းသံရုံးကို တိုက်ခိုက်ရန် ကြံစည်ထားသော အစ္စလာမ်မစ်စစ် သွေးကြွနှစ်ဦးကို ဖမ်းဆီးခဲ့သည်။
7day