ကျောက်တံတားမြို့နယ်မှာ (၆)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ်မှ ကျပ်သိန်း ၅,၀၀၀ဆုရ ထီလက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အတုဖြစ်သဖြင့် ဆုငွေထုတ်ယူသူကို အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ရုံးချိန်အတွင်း ကျောက်တံတားမြို့နယ်၊ (၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် အမှတ်(၃၈၃)ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသို့ ၁၁ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူ ဒေါ်စောဝင်းဖြူ ရောက်ရှိလာပြီး (၆)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် အမှတ် ကခ-၂၀၁၁၈၃ ဖြင့် ကျပ် (၅,၀၀၀)သိန်း ဆုရလက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အတုဖြစ်သဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ဒုညွှန်မှူးဒေါ်အိအိခိုင်က တိုင်တန်းထားရာ ဒေါ်စောဝင်းဖြူကို ကျောက်တံတားမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၆၈(အတုပြုလုပ်မှု)ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျောက်တံတားမြို့နယ် တရားရုံးသို့ ကျောက်တံတားမြို့မရဲစခန်း (က/ခ)ပုံစံဖြင့် ဦးတိုက်လျှောက်ထားကြောင်း သတင်းရရှိပါတယ်။


Ref; Ministry of Home Affairs, Myanmar