
မန္တလေး၊ နိုဝင်ဘာ ၈ - မုံရွာနဲ့ မန္တလေးမြို့တွေမှာ EFI ဆိုင်ကယ်ပြုပြင်နည်း ပထဆုံးအကြိမ်အဖြစ် အခမဲ့သင်ကြားပေးမှာဖြစ်လို့ စိတ်ဝင်စားသူမည်သူမဆိုစာရင်းပေး သွင်းနိုင်ပါတယ်။ ရွှေနဒီဆိုင်ကယ်ဝပ်ရှော့က ဦးဇော်ဝင်းက EFI နည်းပညာက မြန်မာနိုင်ငံမှာ ၂၀ဝ၈ ခုနှစ်လောက်မှစပေါ်တော့ အားလုံးလဲမသိကြသေးဘူး၊ လေ့လာကြတုန်းပဲရှိတယ်၊ တချို့က ဒီလိုပညာကိုသင်ချင်ပေမဲ့ အချိန်မရှိလို့၊ ငွေကြေးမတတ်နိုင်လို့ဆိုတာတွေရှိလို့ အခုလိုအခမဲ့သင်ပေးတာလို့ ပြောပါတယ်။
မန္တလေးမှာ ဒီဇင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ၊ မုံရွာမှာ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိသင်ကြားပေးမှာပါ။ မနက် ၉းဝ၀ နာရီကနေ ညနေ ၄းဝ၀ နာရီ အထိဖြစ်ပါတယ်။ သင်တန်းတက်ဖို့ အတန်းပညာအရည်အချင်းမသတ်မှတ်ထားပါဘူး။ သင်တန်းသားဦးရေအနေနဲ့ တစ်မြို့ကိုအယောက် ၅၀ သတ်မှတ်ထားပါတယ်။ တက်ရောက်ချင်ရင် မန္တလေးမှာ ဖုန်း ဝ၉- ၄၃၀၆၁၅၄၀ နဲ့ မုံရွာအတွက် ဝ၇၁ – ၂၃၀၅၀ ကိုဆက်သွယ်စာရင်းပေးနိုင်ပါတယ်။
Author – ခေမဏီ

 
						 
	                  
	                  
	                  
	                 
						 
						
















