စင်ကာပူနိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၌ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းမှ နည်းပြ၊ အုပ်ချုပ်သူနှင့် ကစားသမား စုစုပေါင်း ၅၅ ဦးတို့ ပစ္စတိုပစ်ခတ်စဉ် အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၊ ကာဘိုင်ပစ်ခတ်စဉ် အသင်းလိုက်ပြိုင်ပွဲ၊ ရိုင်ဖယ်ပစ်ခတ်စဉ် အသင်းလိုက်ပြိုင်ပွဲနှင့် စက်သေနတ်ပစ်ခတ်စဉ် အသင်းလိုက်ပြိုင်ပွဲတို့၌ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။