အွန်လိုင်း ငွေလွှဲစနစ်အပြင် Fax Remittance နဲ့ လည်း နေ့ ချင်းပြီး ထုတ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ယခုဝန်ဆောင်မှုကို ရန်ကုန်တိုင်းဒေသကြီးမှာ ဘဏ်ခွဲ ၁၆ ခု ၊ မန္တလေးတိုင်းဒေသကြီးမှာ ဘဏ်ခွဲ ၆ ခု ၊ မကွေးတိုင်းဒေသကြီးမှာ ၃ ခု ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ခု ၊ ကချင်ပြည်နယ်မှာ ၂ ခု ၊ ကယားပြည်နယ်မှာ ၁ ခု ၊ ပဲခူးတိုင်းဒေသကြီးမှာ ၃ ခု ၊ ရခိုင်ပြည်နယ်မှာ ၂ ခု ၊ ရှမ်းပြည်နယ်မှာ ၄ ခု ၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂ ခု ၊ ကရင်ပြည်နယ်မှာ ၁ ခု ၊ တနသာင်္ရီတိုင်းဒေသကြီးမှာ ၃ ခု နဲ့ နေပြည်တော်မှာ ၂ ခု စုစုပေါင်း ဘဏ်ခွဲ ၄၇ ခုမှာ သုံးနိုင်ပြီ ဖြစ်ပါတယ်။

အွန်လိုင်းနဲ့ ငွေလွှဲတဲ့ စနစ်အတွက် ဝန်ဆောင်ခအနေနဲ့ ကျပ် ၁၀၀ မှာ ၅ ပြားနှုန်း ၊ အွန်လိုင်း အသုံးပြုခနဲ့ Fax အသုံးပြုခ ၊ ကြေးနန်းခတွေကို ပုံသေ ၅၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်။ မြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ online remittance စနစ်ကို ဘဏ်ခွဲပေါင်း ၄၇ ခု ၊ Fax ငွေလွှဲစနစ်နဲ့ ဘဏ်ခွဲပေါင်း ၁၅၃ ခု ၊ ကြေးနန်းငွေလွှဲစနစ်နဲ့ ဘဏ်ခွဲပေါင်း ၂၉ ဘဏ် ၊ ငွေလွှဲလက်မှတ်စနစ်ကို ဘဏ်ခွဲအားလုံးမှာ ငွေလွှဲဝန်ဆောင်မှု ပေးနေတယ်လို့ လည်း သိရပါတယ်။

Source : Internet Journal