ပင်နယ်တီ ၂ ကြိမ်အထိ ကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ည ၁၁ နာရီ ၃၀ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကွာရာဘတ်အသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play


ပထမပိုင်း စတင်ပြီး ၁၉ မိနစ်မှာ ကွာရာဘတ်အသင်းရဲ့နောက်ခံကစားသမား ဆာဒီဂေါ့က ဝီလီယံကို ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး ချယ်ဆီးအသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ ယင်းပင်နယ်တီပြစ်ဒဏ်ဘောကို ဟာဇက်က အမှားအယွင်းမရှိကန်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play


ကွာရာဘတ်အသင်းဟာ တစ်ယောက်လျော့နဲ့ ချယ်ဆီးအသင်းကို ယှဉ်မကစားနိုင်ခဲ့ဘဲ ချယ်ဆီးအသင်းရဲ့တိုက်စစ်ကို ကာကွယ်ခဲ့ရတာကို တွေ့ရပါတယ်။ ၃၆ မိနစ်မှာ ဟာဇက်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဝီလီယံက ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

play


ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းက လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပြီး အလွန်ဆိုနဲ့ ဟာဇက်တို့ရဲ့နေရာမှာ ကာဟေးလ်နဲ့ မိုရာတာတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၇၁ မိနစ်မှာ ကွာရာဘတ်အသင်းရဲ့နောက်ခံကစားသမား မက်ဒီဗက်က ဝီလီယံကို ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က မက်ဒီဗက်ကို အဝါကတ်ပြ သတိပေးခဲ့ပြီး ချယ်ဆီးအသင်းကို ဒုတိယအကြိမ် ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ယင်းပင်နယ်တီပြစ်ဒဏ်ဘောကို ဖာဘရီဂတ်စ်က အမှားအယွင်းမရှိကန်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play


ချယ်ဆီးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို ပက်ဒရိုရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဝီလီယံက ၈၅ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ချယ်ဆီးအသင်းက အဝေးကွင်းမှာ ကွာရာဘတ်အသင်းကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

Credit : original