စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အင်ကြင်းမော်ရွာ ရွှေမင်းဝံတောင်ပေါ် ဘုန်းကြီးကျောင်းကို တောဆင်ရိုင်း (၄)ကောင် နိုဝင်ဘာလ(၂၆)ရက်က ၀င်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ တောဆင်ရိုင်းတွေရဲ့ ၀င်ရောက်ဖျက်ဆီးမှုကြောင့် ကျောင်းပရ၀ုဏ်အတွင်း တည်ထားတဲ့ အရံစေတီ(၃)ဆူနဲ့ ထိုင်တော်မူရုပ်ပွားတော်တစ်ဆူ ပျက်စီးသွားတယ်လို့ ဟုမ္မလင်းမြို့မရဲစခန်းက သိရပါတယ်။ တောဆင်ရိုင်းတွေက နိုဝင်ဘာလ(၂၅)ရက်ကတည်းက အင်ကြင်းမော်ကျေးရွာနဲ့ (၅)မိုင်ခန့်ဝေးတဲ့ ထိုးကျတောင်တန်းတောအတွင်းကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး ၀င်ရောက်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေက မီးတုတ်တွေ၊ ဗြောက်အိုးတွေဖောက်ပြီး ခြောက်လှန့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ - မျိုးဝင်းထွန်း(မုံရွာ) (5 Plus News)