၂၀၁၇ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ယနေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ အထိ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မဏ္ဍိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပမည် ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနားကို ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းနှင့် မြန်မာ့ ကျောက်မျက်ရတနာ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပြပွဲတွင် ကျောက်မျက်တွဲပေါင်း ၂၀၀ နီးပါး၊ ကျောက်စိမ်းတွဲပေါင်း ၆၀၀၀ ကျော်တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပြီး လာရောက်ဝယ်ယူကြသည့် ရတနာကုန်သည်များမှာ တရုတ်နိုင်ငံမှ အများဆုံး ဖြစ်၍ ပြည်တွင်းကုန်သည်များနှင့် စုစုပေါင်း လူ ၄၀၀၀ ခန့် နေပြည်တော်တွင် ရောက်ရှိနေကြသည်။

Credit : original