ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Biliran ကျွန်းငယ်မှာ အပူပိုင်းမုန်တိုင်းတခု ၀င်တိုက်သွားတဲ့အတွက် လူ ၄၃ ယောက်သေဆုံးရပြီး မြေလည်းအကြီးအကျယ်ပြိုတာမို့ ပျောက်ဆုံးနေတဲ့လူတွေကို ရှာတွေ့နိုင်မယ့် မျှော်လင့်ချက်က နည်းသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ စောစောပိုင်းသတင်းတွေမှာ လူ ၃၀ ကျော်လို့ ဆိုပါတယ်။

လူ ၄၅ ယောက်ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပြီး အတော်များများဟာ မြေပြိုမှုတွေမှာ ပိတ်မိနေမှာစိုးရိမ်ရတယ်လို့ အစိုးရ သဘာဝဘေး အန္တရာယ်စောင့်ကြည့်ရေးဌာနက ပြောပါတယ်။

မနီလာမြို့တော်အရှေ့တောင်ဘက် မိုင် ၃၁၀ လောက်ဝေးတဲ့ အဲဒိကျွန်းက အိမ်တွေပေါ် မြေပြိုကျတာမို့ အသက်ရှင်နေအုန်းမယ့်လူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီကျွန်းကပဲ လူ ၃၀ သေဆုံးရပြီး ၃၁ ယောက်ပျောက်ဆုံးနေပါတယ်။ လူ တသိန်းကျော်နေအိမ်တွေက ထွက်ပြေးကြပြီး ဒီထဲက လူတ၀က်ဟာ ထွက်ပြေးလို့ရောက်လာတဲ့နေရာတွေမှာ ကျန်နေတုန်းပဲလို့လည်း အစိုးရက ပြောပါတယ်။

https://www.nytimes.com/
RFA Burmese