မြန်မာ့မီးရထား အမှတ်(၁)တိုင်း၊ မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာ အကြား (၂၁.၁၂.၂၀၁၇)နေ့ အမှတ်(၉၃၃)အဆန် ကုန်ရထား မတော်တဆမှုဖြစ်ပွားနေပါ၍ ရထားစီးခရီးသည်များအတွက် အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

၁။အမှတ် (၄၂)အစုန်နှင့် အမှတ် (၅၆)အစုန်ရထား နှစ်စင်း၏ ခရီးသည်များပေါင်းပြီး အမှတ် (၅၆)အစုန် ရထားနံပါတ်ဖြင့် မြစ်ကြီးနား မှထွက်ခွာလာပါမည်။

၂။အမှတ် (၅၇) အဆန်ရထား မိုးကောင်းဘူတာသို့ ရောက်ရှိပါက မြစ်ကြီးနား မှဆင်းလာသော အမှတ် (၅၆)အစုန်ရထားနှင့် ခရီးသည်ချိန်းပြောင်း (Transit ) ပြုလုပ်ပေးမည်။( ၅၇ <=> ၅၆ )။

၃။ ခရီးသည်ချိန်းပြောင်းပြီး ဆင်းလာသော အမှတ် (၅၇)အဆန်ရထားတွဲဆိုင်းအား အမှတ် (၅၆)အစုန် ရထားနံပါတ်ဖြင့် မန္တလေး သို့ ဆက်လက်ထွက်ခွာပေးပါမည်။

၎။ အမှတ် (၅၆)အစုန်ရထားဖြစ်သော်လည်း အမှတ် (၄၂)အစုန် ရပ်သော ဘူတာများအားလုံးတွင် ရပ်တန့်ပေးမည်ဖြစ်ပါသည်။

၅။ လက်မှတ် ရောင်းချမှုအဖြစ် အမှတ် (၄၂)အစုန်၊ အမှတ် (၅၆)အစုန် ရထားများ၏ ရိုးရိုးတန်း၊ အထက်တန်းထိုင်ခုံခွဲတမ်းများ အရောင်းပိတ်ကာ ခုံမဲ့ခရီးသည်များအဖြစ် မျှတစွာ အမှတ် (၅၆)အစုန်ရထားတွင် စီးနင်ကြရပါမည်။

၆။ အမှတ် (၅၆)အစုန်ရထား ရပ်တန့်သောဘူတာများမှ အမှတ် (၅၆)အစုန်ရထားလက်မှတ်ဖြင့် ပုံမှန်အတိုင်းရောင်းချပြီး အမှတ် (၄၂)အစုန် ရထားရပ်သော ဘူတာများမှသာလျှင် အမှတ် (၄၂)အစုန်ရထား လက်မှတ်သာ ရောင်းချရမည် ဖြစ်ပါသည်။

၇။ အမှတ် (၃၇)အဆန်နှင့် အမှတ် (၃၈)အစုန် ရထားနှစ်စင်းသည်လည်းပဲ ခရီးသည်ချိန်းပြောင်း (Transit ) ပြုလုပ်ပေးပြီး (၃၈)အစုန်အဖြစ် မန္တလေး သို့ ပုံမှန်အတိုင်း ဆင်းလာမည် ဖြစ်ပါသည်။ (37 <=> 38 )

၈။ ယနေ့ (၂၂.၁၂.၂၀၁၇)ရက်နေ့အတွက် အမှတ် (၄၂)အစုန်ရထားနှင့် အမှတ် (၅၈)အစုန် ရထားများ မရှိ/ဖျက်သိမ်းကြောင်း သိရှိရပါသည်။

နေမျိုးမင်း (ခ)ထွန်းဝင်းဟန် (၂၂.၁၂.၂၀၁၇)
နန့်စီးအောင် ဘူတာ။