မနက်တိုင်းမှာ ကျက်သရေ ရှိပြီးလှပတဲ့ မိန်းကလေး ဖြစ်ဖို့




မနက်ခင်း တိုင်းမှာ ကျက်သရေ ရှိပြီးလှပတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ဖို့ အိပ်ရာမ၀င်ခင် ပြုလုပ်သင့်သည့်အချက်များ


(၁) နေ့ခင်း ကလိမ်းထားတဲ့ မိတ်ကပ် များကိုဖျက်ပါ။(Cleansing Cream ကိုအသုံးပြုပါ)


(၂) ရေခပ်နွေးနွေးဖြင့်မျက်နှာသစ်ပါ။(ရေနွေးဟာ ချွေးပေါက်လေးများကိုပွင့်စေပြီး အသားရည် အတွင်းပိုင်းထဲရှိ ဖုန်နှင့်အညစ်အကြေးများကို သန့်စင်စေနိုင်ပါတယ်)


(၃) သွားတိုက်ပါ။ (မနက်ခင်းတွင် ခံတွင်း မှ အနံဆိုး များမထွက်စေရန်ညတိုင်းသွားမှန်မှန်တိုက်ပါ)


(၄) မျက်နှာ ကို ရေဓာတ် ပြန်လည်ဖြည့်ပေးနိုင်မည့် Night Cream (သို့) အသားရည် နှင့်အဆင်ပြေမည့် Night Cream ကိုညတိုင်းပုံမှန်လိမ်းပါ။


(၅) ပန်းရောင်သန်း တဲ့ နှုတ်ခမ်း ဖြစ်စေဖို့ Moisturizer ပါဝင်သည့်နှုတ်ခမ်းအဆီကိုပါးပါးလေးဆိုးပါ။


(၆) မအိပ်ခင် ရေတစ်ခွက်(နဲနဲ မဟုတ် ပြည့်ပြည့်၀၀) သောက်ပါ။


(၇) ဘုရားရှိခိုးပါ။ တရားထိုင်ပါ။ မေတ္တာ ပို့ပါ။
(ကိုယ်စိတ်နှလုံးအေးချမ်းမှုရရှိနိုင်ပါတယ်)


(၈) ၆နာရီ (သို့) ၈နာရီ ခန့်ပြည့်ပြည့်၀၀အိပ်စက်အနားယူပါ။