X-ray hazards ဓါတ်မှန်အန္တရာယ်


X-ray ဓါတ်မှန်မှာ လျှပ်စစ်သံလိုက်ရောင်ခြည်သုံးတယ်။ သတ္တု၊ အရိုး၊ သိပ်သည်းတဲ့အရာတွေကနေ ဓါတ်မှန် ရောင်ခြည်ကို ပိတ်ဆို့နိုင်တယ်။ ဒါကြောင့် ဓါတ်မှန်ဖလင်နဲ့ Digital sensor ဒစ်ဂျစ်တယ် ဆင်ဆာ တွေမှာ ဓါတ်ရောင်ခြည် ဖြတ်သွားနိုင်တာမှန်သမျှက အမဲရောင်နဲ့ မဖြတ်နိုင်တာက အဖြူရောင်ထင်စေတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာထဲကို ဖြတ်သွားပြီးတာနဲ့ ဓါတ်ရောင်ခြည်ဟာ ကိုယ်ထဲမှာကျန်မနေရစ်ပါ။


Can damage some cells ဆဲလ်တွေကို ပျက်စီးစေနိုင်တယ်
ဓါတ်ရောင်ခြည်ဖြတ်သန်းခံရရင် ကိုယ်မှာရှိတဲ့ ဆဲလ်လေးတွေ အနည်းငယ်ပျက်စီးနိုင်တယ်။ တချို့ကတော့ စောပြီးပျက်စီးသွားမယ်။ အစိုးရိမ်ကြီးစရာမလိုပါ။ လေယာဉ်စီးတဲ့အခါတိုင်းတွေ့ကြရတဲ့ Cosmic radiation ကော့စမစ်ရောင်ခြည်ထက် သက်သာပါတယ်။ ဆဲလ်တချို့က မသေပါ။ ဒါပေမဲ့ Genetic damage မျိုးဗီဇ ပျက်စီးသွားမယ်။ ဒီလိုဖြစ်တာ အင်မတန်ရှားတယ်။ ကင်ဆာဖြစ်စေနိုင်တယ်။


Genetic damage to a reproductive cell မျိုးပွါးဆဲလ်တွေထိခိုက်ခြင်း
ကင်ဆာဖြစ်စေနိုင်တာထက် ပိုဆိုးတာက မျိုးပွါးဆဲလ်တွေထိခိုက်တာဖြစ်တယ်။ အမျိုးသမီး မျိုးဥ Ovum နဲ့ အမျိုးသား သုက်ပိုး Sperm cells တွေကို ဓါတ်ရောင်ခြည်သင့်ရင် (၁) Deformed baby အင်္ဂါချို့ယွင်းတဲ့ သန္ဓေသားနဲ့ (၂) Miscarriage ကိုယ်ဝန်ပျက်ကျတာဖြစ်စေနိုင်တယ်။ ဒါကြောင့် ဆရာဝန်တွေက ဓါတ်မှန်ရိုက်မဲ့ အမျိုးသမီးတွေကို အကာကွယ်လုပ်ပေးပြီးမှသာ ဓါတ်မှန်ရိုက်ပေးတာဖြစ်ပါတယ်။ Lead shield ခဲနဲ့လုပ်ထားတဲ့ အကာဖြစ်တယ်။ အဲလိုလုပ်ပြီးမှ ဓါတ်မှန်ရိုက်ရင် မျိုးပွါးလမ်းကိုအန္တရာယ်မပေးနိုင်ပါ။ အစဉ်အလာစွဲထားတဲ့ ဆရာဝန်တွေကတော့ မျိုးပွါးနိုင်တဲ့အရွယ်ရှိ အမျိုးသမီးတွေကို ဓါတ်မှန် ရိုက်ပြီးနောက် ရာသီလ နှစ်လ ကြာပြီးနောက်မှသာ ကိုယ်ဝန်ဆောင်စေပါတယ်။


Pregnant women and unborn children ကိုယ်ဝန်ဆောင်အမျိုးသီးနဲ့ မွေးလာမဲ့ကလေး
ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်တည်လာတဲ့ ဆဲလ်တွေဟာ အလွန်မြန်မြန်ဆန်ဆန် ကြီးထွား ပွါးများ လာနေကြတယ်။ ဒီအချိန်မှာ ဓါတ်ရောင်ခြည်ဒဏ်ကိုမခံနိုင်ကြပါ။ U.S. Federal standards အမေရိကန် ဖက်ဒရယ်စံချိန်သတ်မှတ်ချက်ကတော့ 0.5 rem or 500 millirems over 9 months ဖြစ်ပါတယ်။ Note: A millirem, mrem, millirad and mrad are all the same thing. Also, 1 mSv = 100 millirem


Maximum of 10 အများဆုံး ၁ဝ
သတ်မှတ်ချက်ဟာ ကိုယ်ဝန်ဆောင်နေတဲ့သားအိမ်နေရာကို 10 medical x-rays အများဆုံးရှိရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ရောဂါသိပ်ဆိုးလို့ အဲလိုအထိ ဓါတ်မှန်ရိုက်ရတယ်ဆိုတာ အင်မတန်ရှားပါတယ်။ အကာအကွယ်တွေလဲ အသေအချာသုံးမှာဖြစ်ပါတယ်။


Dental x-rays သွားအတွက်ရိုက်ရတဲ့ဓါတ်မှန်ကနေ မမွေးသေးတဲ့ကလေးကိုထိခိုက်ဘို့ရာလဲ မဖြစ်သလောက်လို့ ဆိုနိုင်ပါတယ်။ အဲလိုဓါတ်မှန်က ရိုးရိုးဓါတ်မှန်ရဲ့ ၃ ပုံ ၁ ပုံသာရှိပြီး ရိုက်မဲ့နေရာကိုသာ စူးစိုက်ထားလို့ပါ။ သတိထားနိုင်လေကောင်းလေ ဥပဒေသကိုတော့ လက်မလွှတ်ပါနဲ့။


Use caution သတိနဲ့သုံးပါ
ကိုယ်ဝန်ဆောင်ရင် သတိရှိပါ။ ဆရာဝန်ကိုပြောပါ။ ရာသီရက်ကျော်နေရင် Urine pregnancy test ဆီးစစ်ပြီးပါ။ အခုမရှိသေးပေမဲ့ ဓါတ်မှန်ရိုက်ပြီးနောက် မကြာခင်မှာ ကိုယ်ဝန်ယူတော့မယ်ဆိုလဲပြောပါ။ အကာအကွယ်လုပ်ပေးထားပါမယ်။ အဲလိုကြိုတင်ကာကွယ်မှုမလုပ်ပဲ ဓါတ်မှန်ရိုက်လိုက်ရပြီဆိုရင်လဲ အစိုးရိမ်မကြီးပါနဲ့။ သတ်မှတ်ချက်ထက်မကျော်ရင် စိုးရိမ်စရာမရှိပါ။


Cancer risk ကင်ဆာအန္တရာယ်
အတော်နည်းပါးပါတယ်။ အမေရိကန်အစိုးရရဲ့လေ့လာမှုတခုအရ တနှစ်မှာ ဓါတ်ရောင်ခြည် 5000 millirem (50 mSv) အထိရရင် ကင်ဆာကြောင့် သေဆုံးနိုင်ခြေ 0.3% ရှိတယ်။ အဲတာလဲ မဖြစ်စလောက်လို့ ပြောနိုင်တယ်။ ဒီလိုဖြစ်ဘို့က တနှစ်မှာ ဓါတ်မှန်ပေါင်း ၃ဝဝ ရိုက်မှသာဖြစ်မယ်။ ကင်ဆာဖြစ်နိုင်ခြေ ၁% တိုးမယ်။


Other major risk factors တခြားအရေးပါတဲ့အန္တရယ်တွေ
Genetic makeup မျိုးဗီဇတည်ဆောက်မှုကိုသက်ရောက်နိုင်တာဟာ တခြားအရေးပါတဲ့အန္တရယ်ဖြစ်တယ်။ ဆိုလိုတာက ကိုယ့်အမျိုး၊ မျိုးရိုး (မိသားစုရာဇဝင်) ထဲမှာ ကင်ဆာဖြစ်သူရှိနေသူတွေမှာ ကိုယ့်မှာပါ ကင်ဆာ ဖြစ်နိုင်ခြေ ပိုတယ်။ အဲလိုလူတွေက ဓါတ်မှန်ရိုက်ရင် ပိုသတိထားဘို့လိုနိုင်တယ်။ တကယ်လိုအပ်မှသာ ဓါတ်မှန်ရိုက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။


Background radiation နောက်ခံဓါတ်ရောင်ခြည်
ဓါတ်ရောင်ခြည် ဘယ်လောက်များများသင့်ရင် ကင်ဆာဖြစ်စေမလဲဆိုတာ ဘယ်သူမှ မသိကြပါ။ အကောင်းဆုံး ခန့်မှန်းခြေကတော့ ဓါတ်ရောင်ခြည်များလေလေ ကင်ဆာဖြစ်နိုင်ခြေပိုကဲလေလေ။ ဓါတ်ရောင်ခြည် နည်းနည်း သင့်ခံရသူတွေ ဓါတ်မှန်ရိုက်ပြီးနောက် ၅-၃ဝ နှစ် (ဒိထက်လဲပိုနိုင်တယ်) နေရင် ကင်ဆာဖြစ်နိုင်တယ်။ ကျွန်တော်တို့မှာ ဓါတ်မှန်ရိုက်တာကနေသာမဟုတ်ပဲ သဘာဝဝန်းကျင်ကနေ ဓါတ်ရောင်ခြည် သင့်ခံနေကြရတယ်ဆိုတာလဲ သိရပါမယ်။အဲတာကို နောက်ခံဓါတ်ရောင်ခြည် ခေါ်တယ်။ Radon gas ရက်ဒွန်ဓါတ်ငွေ့၊ အာကာသ၊ ကျောက်တုံးနဲ့ မြေကြီးတွေကနေရတဲ့ Cosmic rays ကော့်စမစ် ရောင်ခြည်တွေ ဖြစ်တယ်။ လူတွေဟာ တပါတ်မှာ ခန့်မှန်းခြေ 5 millirems ရနေကြရတယ်။ အတြာဟာ ဆေးစစ်ဓါတ်မှန် ၁ ကြိမ်၊ ဒါမှမဟုတ် သွားဓါတ်မှန် ၃ ကြိမ်နဲ့ညီတယ်။


CAT scan စီတီစကန်


CAT scan ဆိုတာ Computed Axial Tomography x-ray scan ကိုခေါ်တယ်။ ပုံမှန် မနစ် ၃ဝ ကြာတယ်။ တစ်ခါရိုက်ရင်ဓါတ်ရာင်ခြည် 1000 millirems (10 mSv) ရစေတယ်။ လိုနှုးန့ နှမှာ ၅ ခါအထိရိုက်ရင် စိုးရိမ်စရာမရှိပါ။ ဒိထက်များလာရင် ကင်ဆာဖြစ်နိုင်ခြေ ၁ % တိုးနိုင်တယ်။ ဒီလိုရိက်တာဟာ သဘာဝကနေ ရနေတဲ့ ဓါတ်ရောင်ခြည် ၃ နှစ်စာနဲ့ညီမျှတယ်။ လူတယောက်ဟာ တနှစ်မှာ CAT scans ၅ ခါရိုက်ရတယ် ဆိုတာ မရှိပါ။


Pregnant women and CAT scan ကိုဝန်ဆောင်နဲ့ စီတီစကန်
ကိုယ်ဝန်ဆောင်နေစဉ်မှာ လိုအပ်မှသာ CAT Scan ရိုက်ပါ။ ဆရာဝန်ကို တကယ်လို မလိုမေးပါ။


Summary အချုပ်
လူအတော်များများက ဓါတ်မှန်ကို စိုးရိမ်ကြတယ်။ ဒါပေမဲ့ ဆေးစစ်ဓါတ်မှန်နဲ့ သွားဓါတ်မှန်ကနေ ကျန်းမာရေး အန္တရာယ် မရှိသလောက်ပါ။ လူတယောက်ဟာ တနှစ်မှာ ရိုးရိုးဓါတ်မှန် အကြိမ် ၃ဝဝ အထိရိုလဲ စိုးရိမ်စရာ မရှိပါ။ ကိုယ်ဝန်ဆောင်တယောက်ဟာ ၁ဝ ကြိမ်အထိ အဲလိုဓါတ်မှန်ရိုက်လို့ရတယ်။ CAT scan တော့ ဖြစ်နိုင်သလောက် မရိုက်သင့်ပါ။


ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၄