ဒသမအကြိမ်မြောက် အာခါရိုးရာ''ခါးထောင်းဖား'' စုပေါင်းနှစ်သစ်ကူး ပွဲတော်ကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမ အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အာခါတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် အာခါတိုင်းရင်းသား ခေါင်းဆောင်များက အာခါရိုးရာ''ခါးထောင်းဖား'' ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး နှစ်သစ်နှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက အာခါ တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး ပွဲတော်ကျင်းပရေး အတွက် အလှူငွေများပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး အာခါတိုင်းရင်းသား လူငယ်၊ မောင်မယ် များက တေးသံသာ၊ အကပဒေသာများဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဒသမအကြိမ်မြောက် အာခါရိုးရာ ''ခါးထောင်းဖား'' စုပေါင်းနှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Credit : original